Child Protection Quiz

ကလေးသူငယ်ကာကွယ်ရေး

လက်နက်ကိုင်ပဋိပက္ခများ၏အကျိုးဆက်များကို ကလေးတို့သည် အထူးသဖြင့်ခုခံနိုင်စွမ်းနည်းသည်။ ကလေးများသည် သေဆုံးခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ မိဘမဲ့ခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်ဆုံးရှုံးခြင်း၊ ကလေးစစ်သားများအဖြစ်စုဆောင်းခံရခြင်းနှင့် အသုံးပြုခံရခြင်း နှင့် နက်ရှိုင်းသည့်စိတ်ဒဏ်ရာတို့နှင့်ကျန်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာဓလေ့ထုံး တမ်းဥပဒေ ၏စံသတ်မှတ်ချက်တစ်ခုအဖြစ်၊ လက်နက်ကိုင်ပဋိပက္ခကြောင့်ထိခိုက်သည့်ကလေးများသည် နိုင်ငံတကာဖြစ်သည့်လက်နက်ကိုင်ပဋိပက္ခများ နှင့် နိုင်ငံတကာမဟုတ်သည့်လက်နက်ကိုင်ပဋိပက္ခများ နှစ်ခု စလုံးတွင် အထူးအလေးထားမှုနှင့်အကာအကွယ်ပေးမှုတို့ကိုခံစားပိုင်ခွင့်ရှိသည်။