Healthcare Quiz

ကျန်းမာရေးစောင့်ရှောက်မှုကာကွယ်ရေး

ထိရောက်မှုရှိသည့်ကျန်းမာရေးစောင့်ရှောက်မှုသည် ပဋိပက္ခအခြေအနေများတွင် အရပ်သားများနှင့်တိုက် ခိုက်ရေးသမားများတို့ နှစ်ဘက်စလုံးအတွက် မုချလိုအပ်သည်။ ပဋိပက္ခများတွင်၊ မည်သို့ဆိုစေကာမူ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်သူလုပ်သားများသည် အန္တရာယ်များစွာနှင့်ထိတွေ့ နိုင်သောကြောင့် အထူးအကာအကွယ်ပေးမှုနှင့်လေးစားမှုတို့လိုအပ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုကို ဆန့်ကျင်သည့်အကြမ်းဖက်မှုတွင် ခန္ဓာကိုယ်အကြမ်းဖက်မှု/တိုက်ခိုက်မှုများပါဝင်သည့်အပြင် အကြမ်းဖက် ရန်ခြိမ်းခြောက်မှု၊ တားဆီးပိတ်ပင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများကိုအနှောင့်အယှက်ပေးမှု၊ ဦးစီးဦးဆောင် မှုကိုလွှဲယူမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊နှင့် ကျန်းမာရေးစောင့်ရှောက်သူလုပ်သားများကို ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်ဆန့်ကျင်သည့်လုပ်ရပ်များကိုအဓမ္မလုပ်ဆောင်စေမှု တို့ပါဝင်ပါသည်။