International Humanitarian Law Quiz

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေ

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေ (IHL) သည် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသူ များအတွက် လိုက်နာကျင့်သုံးရမည့်စည်းမျဥ်းစည်းကမ်းများကို ချမှတ်ပေးသော နိုင်ငံတကာဥပဒေ၏ အဓိကကိုယ်ထည် ဖြစ်သည်။ ဥပဒေ၏ရည်ရွယ်ချက်မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးတွေကိုကန့်သတ်ရန်၊ စစ်တိုက်ခိုက်ပုံတိုက်ခိုက်နည်းနှင့်လက်နက်ပစ္စည်းများအသုံးပြုမှုအပေါ် ကန့်သတ်ရန်နှင့် စစ်ပွဲတွင်ပါဝင်ခြင်းမရှိသောအရပ်သားများ(သို့) စစ်ပွဲတွင်ဆက်လက်ပါဝင်တိုက်ခိုက်ခြင်းမရှိသောသူများကို လူ့အသက်၊ဂုဏ်သိက္ခာနှင့်အညီ အကာအကွယ်ပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ထို့အပြင် စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်သူများနှင့် အရပ်သားများအားလုံးသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေ (IHL)ကို လေးစားလိုက်နာကျင့်သုံးရမည် ဖြစ်သည်။